တစ်ကမ္ဘာလုံးကို "နိုးထသူ" တွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ "အိမ်မက်ဆိုးကျိန်စာ (Nightmare Spell)" ဆိုတဲ့ ထူးဆန်းတဲ့ရောဂါဆိုးကြီး ကူးစက်ပြန့်ပွားနေတဲ့ ကမ္ဘာပျက်ကပ်ကြီးတစ်ခုမှာ ဆန်းနီ (Sunny) ဆိုတဲ့ လူငယ်လေးဟာ ရှင်သန်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ သူဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုက မဟုတ်သလို၊ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်လည်း မဟုတ်ပါဘူး။ သူပိုင်ဆိုင်ထားတာကတော့ လိမ္မာပါးနပ်မှုနဲ့ မလျှော့သောဇွဲလုံ့လပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ကံကြမ္မာက အဆိုးဆုံးအခြေအနေတစ်ခုဆီကို တွန်းပို့ခြင်း ခံလိုက်ရပါတယ်။ ဆန်းနီဟာ "နိုက်မဲယား" ရဲ့ စမ်းသပ်မှုကို ခံယူရင်း မမျှော်လင့်ဘဲ အလွန်ရှားပါးပြီး အန္တရာယ်များတဲ့ "အရိပ်ကျွန်" ဆိုတဲ့ ကံကြမ္မာဆိုးကြီးကို ရရှိသွားခဲ့ပါတယ်။ ဒီကံကြမ္မာကြောင့် သူဟာ တစ်စုံတစ်ယောက်ရဲ့ အစေအပါးအဖြစ် ထာဝရအချုပ်အနှောင် ခံရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
သူ့ရဲ့ လွတ်လပ်ခွင့်ကို ပြန်လည်ရယူဖို့နဲ့ သေခြင်းတရားနဲ့ နီးကပ်နေတဲ့ ဒီကမ္ဘာကြီးမှာ ရှင်သန်နိုင်ဖို့အတွက် ဆန်းနီဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာတွေ၊ နတ်ဘုရားတွေရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးထဲကို တိုးဝင်သွားရပါတော့တယ်။
ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်မယ့် ဆန်းနီတစ်ယောက်ရဲ့ ခရီးလမ်းက ဘယ်လိုဆက်ဖြစ်မလဲ? သူဟာ ကံကြမ္မာရဲ့ ကျွန်အဖြစ်ပဲ အဆုံးသတ်သွားမှာလား၊ ဒါမှမဟုတ် ကံကြမ္မာကို အနိုင်ယူပြီး အမြင့်ဆုံးကို တက်လှမ်းနိုင်မလားဆိုတာ...။
မှော်စွမ်းအင် (Mana Energy) တွေ၊ အရှိန်အဝါ (Aura) တွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးထဲက အမှောင်ထုအောက်က သူရဲကောင်းတစ်ယောက်ရဲ့ ဇာတ်လမ်း။