မသေမျိုးလမ်းစဉ်သည် ရင်းနှီးမြှုပ်နှံမှုမှ စတင်သည်
Immortality Starts With Investment
ဒီစာစဥ်အား စာဖတ်သူများ အတွက်
ပိုမိုဖတ်ရှု၍ ပိုကောင်းအောင် အပိုင်း ၁ ကနေစပြီး ပြန်လည်ပြင်ဆင်ပေးနေပါတယ်ခင်ဗျ
ကျင့်ကြံခြင်းဆိုတာ ပင်ပန်းကြီးစွာ အားထုတ်ရုံသက်သက်ပဲလား? မဟုတ်ပါဘူး၊ ယဲ့ချန်အတွက်တော့ ကျင့်ကြံခြင်းဆိုတာ "ရင်းနှီးမြှုပ်နှံမှု" တစ်ခုပါပဲ။ အများအမြင်မှာ အချစ်ကျွန်ဖြစ်ပြီး အရင်းအမြစ်တွေကို အလကားဖြုန်းနေတဲ့ ယဲ့ချန်ဟာ တကယ်တော့ "လက်ဆောင်ပေးစနစ်" ရဲ့ အကူအညီနဲ့ အမြတ်ထုတ်နေတာ ဖြစ်ပါတယ်။
လက်ဆောင်တစ်ခုပေးလိုက်တိုင်း အဆ ၁၀၀၊ ၁၀၀၀ ပြန်ရမယ့် အခွင့်အရေးကို ဘယ်သူက လက်လွှတ်မှာလဲ? ရှားပါးကျင့်စဉ်တွေ၊ နတ်ဘုရားအဆင့် ရတနာတွေနဲ့ မယုံနိုင်လောက်တဲ့ အမြန်နှုန်း...။ ပါရမီရှင်ဆိုသူတွေကို နောက်ကနေ လူအေးကြီး အေးဆေးကျော်တက်ရင်း၊ ပြိုင်ဘက်တွေကို ဉာဏ်နဲ့ ကစားရင်း ယဲ့ချန်တစ်ယောက် မသေမျိုးလမ်းစဉ်ရဲ့ ထိပ်ဆုံးကို ဘယ်လိုလှမ်းတက်မလဲ။ အားလုံးက ရက်စက်ခြင်းနဲ့ အာဏာကို ရှာဖွေနေချိန်မှာ ယဲ့ချန်ကတော့ ရက်ရောခြင်းနဲ့ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ပြင်ဆင်နေပါပြီ။
စာအမှတ်အသားများနှင့် ဖတ်ရှုမှုမှတ်တမ်းကို သိမ်းရန် အကောင့်ဝင်ပါ။