အခန်း ၄၅ - အရမ်းများလွန်းတယ်
ရဲချန်သည် သူ၏ပါရမီနှင့် ပတ်သက်၍ စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။ အကယ်၍ စနစ်သာမရှိပါက သူသည် ကျင့်ကြံခြင်းလောက၏ အောက်ခြေတွင်ပင် ဘဝကို ကုန်ဆုံးရမည်ဖြစ်ပြီး သူ၏ကံကြမ္မာကို ပြောင်းလဲနိုင်ရန် မျှော်လင့်ချက် လုံးဝရှိမည်မဟုတ်ပေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၌ စနစ်ရှိနေသည်။ ၎င်းကပင် အရာအားလုံးကို ကွဲပြားသွားစေခြင်း ဖြစ်သည်။
ထို့ကြောင့် ရဲချန်သည် သူ၏ညံ့ဖျင်းသော ပါရမီအတွက် အချိန်အကြာကြီး စိတ်မကောင်းဖြစ်မနေတော့ပေ။ သူ မသင်ယူနိုင်လျှင်လည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူ၏ အဓိကပန်းတိုင်မှာ အင်းစာရွက်ပြုလုပ်ခြင်း၌ ဆရာတစ်ဆူဖြစ်ရန်မဟုတ်ဘဲ စွန်းရို့ရှင်းနှင့် နီးစပ်နိုင်မည့် နည်းလမ်းကို ရှာဖွေရန်သာ ဖြစ်သည်။
နောက်ရက်အနည်းငယ်အတွင်း ရဲချန်သည် အင်းစာရွက်များအပေါ် အာရုံမစိုက်တော့ပေ။ ထိုအစား သူ၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်ဖြစ်သော ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်းတို့ကိုသာ ဆက်လက်လုပ်ဆောင်ခဲ့သည်။
ထူးခြားသည်မှာ လင်းခေါ်အာနှင့် လူကျင့်တို့၏ ရဲချန်အပေါ် ထားရှိသော သဘောထားမှာ ပိုမိုပြင်းပြလာခြင်းပင်။
လင်းခေါ်အာ၏ စိတ်အားထက်သန်မှုမှာ သိုလှောင်အိတ်ကြောင့် ဖြစ်သည်မှာ သဘာဝကျသော်လည်း၊ လူကျင့်အတွက်မူ စိုးရိမ်စိတ်ကြောင့် ဖြစ်သည်။ ရဲချန်သည် သူမကို လက်ဆောင်မပေးသည်မှာ တစ်ပတ်လုံးရှိပြီဖြစ်သော်လည်း လင်းခေါ်အာကိုမူ သိုလှောင်အိတ်တစ်လုံး ပေးခဲ့သည်။
၎င်းမှာ ရဲချန်အနေဖြင့် သူမအပေါ် စိတ်ဝင်စားမှု လျော့နည်းလာခြင်းကို ဆိုလိုတာလား? လူကျင့်အနေဖြင့် ဒါကို လက်မခံနိုင်ပေ။
တစ်ချိန်တည်းမှာပင် ထိုအမျိုးသမီးနှစ်ဦးစလုံးသည် ရဲချန် မည်သို့ပင်ဖြစ်စေ ချီသန့်စင်ခြင်း ပဉ္စမအဆင့်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း သိရှိသွားကြသည်။ အထူးစစ်ဆေးသည့် မန္တန်မရှိပါက ကျင့်ကြံမှုအဆင့် တက်သွားသည်ကို သိရှိရန် ခက်ခဲသော်လည်း၊ ယခုအခါ ရဲချန်၏ ကျင့်ကြံမှုအဆင့်မှာ သူတို့ထက် သာလွန်သွားပြီဖြစ်သည်။
သဘာဝကျစွာပင် ၎င်းက အမျိုးသမီးနှစ်ဦးစလုံးကို သူ့အပေါ် ပို၍အာရုံစိုက်လာစေသည်။ ဘာပဲဖြစ်ဖြစ် အမျိုးသမီးများသည် ခွန်အားရှိသူကို သဘာဝအလျောက် ဆွဲဆောင်ခြင်း ခံရလေ့ရှိသည်။ သူတို့သည် မိမိတို့ထက် သာလွန်သော အမျိုးသားများကို ပို၍နှစ်သက်ကြသည်။ ထို့ကြောင့် လင်းခေါ်အာနှင့် လူကျင့်တို့ကြား ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ရဲချန်အပေါ် ပို၍ဂရုစိုက်လာကြပြီး အကျိုးကျေးဇူးများ ပိုမိုပေးအပ်လာကြသည်။
အခြားတစ်ဖက်တွင်မူ ရဲချန်သည် ဆေးလုံးများကို အလကားပေးကမ်းခြင်းကို ရပ်တန့်လိုက်သည်။ ထိုအစား အမြတ်အတွက် ဝယ်ယူရောင်းချခြင်းဘက်သို့ လှည့်လိုက်သည်။ သူ ဝိညာဉ်ကျောက်တုံးများကို တိုက်ရိုက်ပေးကမ်းပါက စနစ်က ပြန်လည်အကျိုးမပြုသလို၊ လက်ဆောင်များမှာလည်း လက်ခံသူ အမှန်တကယ် လိုအပ်သည့်အရာ ဖြစ်ရမည်ဖြစ်ပြီး သူတို့၏လိုအပ်ချက်ထက် အဆမတန် ကျော်လွန်နေ၍လည်း မရပေ။
၎င်းမှာ ရဲချန်အနေဖြင့် ငွေသုံးရာတွင် ပို၍စနစ်ကျရမည်ဟု ဆိုလိုခြင်းပင်။ ဥပမာအားဖြင့် သူသည် လူကျင့်ကို အဆင့်လယ်ဝိညာဉ်ကျောက်တုံး နှစ်တုံးတန်ဖိုးရှိသော ဝတ်ရုံတစ်ထည်ကို လက်ဆောင်ပေးခဲ့သည်။ လင်းခေါ်အာကိုလည်း အဆင့်လယ်ဝိညာဉ်ကျောက်တုံး သုံးတုံးတန်ဖိုးရှိသော နတ်ဘုရားပိုးအိမ်မှ ပြုလုပ်သည့် လက်အိတ်ဖြူတစ်စုံကို ပေးခဲ့သည်။ အကယ်၍သာ ခြေအိတ်အဖြစ် ဝတ်ဆင်နိုင်သော အမည်းရောင် ပစ္စည်းမျိုးရှိပါက ရဲချန် ပို၍ပင် စိတ်လှုပ်ရှားမိပေလိမ့်မည်။
ခြုံငုံကြည့်လျှင် ရဲချန်၏ ရက်ရောမှုမှာ တိုးပွားလာရုံသာရှိသည်။ ထိုအမျိုးသမီးနှစ်ဦးစလုံးသည် သူ၏ ဝေခွဲမရနိုင်မှု၊ တစ်ဦးတည်းကို မရွေးချယ်နိုင်မှုနှင့် လှေနံနှစ်ဖက်နင်းနေမှုကို အထင်သေးကြသော်လည်း သူပေးသော တန်ဖိုးကြီးလက်ဆောင်များကိုတော့ မငြင်းဆန်နိုင်ကြချေ။ သူပေးသမျှမှာ သူတို့ ငြင်းပယ်ရန် အလွန်ပင် များပြားလွန်းလှသည်။ သူ၏မျက်နှာသာပေးမှုကို ရရှိရန်နှင့် တစ်ဦးကိုတစ်ဦး အသာစီးရရန် ကြိုးပမ်းကြရာတွင် အမျိုးသမီးနှစ်ဦးစလုံးသည် သူတို့၏ ပေးဆပ်မှုများကို မြှင့်တင်လာကြသည်။
ဥပမာအားဖြင့် လင်းခေါ်အာသည် သူတို့နမ်းကြသည့်အခါ ရဲချန်ကို သူမအား ထိတွေ့ခွင့် စတင်ပေးလာသည်။ သူမဘက်မှ လုံးဝကြီး လမ်းဖွင့်မပေးသေးသော်လည်း သူ့အပေါ် စိတ်ပျော့လာသည်မှာတော့ အမှန်ပင်။
လူကျင့်နှင့် ပတ်သက်၍မူ၊ သူမ၏အခန်းတွင် အတူတူစားသောက်ကြသည့်အခါတိုင်းမှာ ဖျော်ဖြေပွဲတစ်ခုကဲ့သို့ပင်။ သူမ၏ ဝတ်စားဆင်ယင်မှုမှာ တဖြည်းဖြည်းနှင့် ပိုမိုပေါ်လွင်လာသည်။ သူမ၏ အရှက်အကြောက်မှာ အတိတ်ကအရာ ဖြစ်လာတော့သည်။ သူမသည် ရဲချန်၏ပေါင်ပေါ်တွင် ထိုင်ကာ သူ့ကို အစာခွံ့ပေးသည်အထိပင်....။
၎င်းက ရဲချန်ကို အလွန်ပင် ကျေနပ်စေသည်။ တစ်ချိန်တည်းမှာပင် လက်ဆောင်ပေးခြင်းမှ ရရှိသော ဆယ်ဆဆုလာဘ်များကြောင့် ရဲချန်၏ ငွေကြေးအခြေအနေမှာ အတော်လေး တောင့်တင်းလာသည်။ စနစ်မှာ အလွန်ပင် သိတတ်လှပြီး ရဲချန်သည် ကိုယ်ပိုင်ဆန္ဒဖြင့် ပေးခြင်းလား သို့မဟုတ် အမြတ်အစွန်းအတွက် ပေးခြင်းလားဆိုသည်ကို ခွဲခြားသိမြင်သည်။ ထို့ကြောင့် ဆုလာဘ်များသည် ပမာဏ၊ အမျိုးအစားနှင့် လုပ်ဆောင်ချက်များ ကွဲပြားစွာ ထွက်ပေါ်လာသဖြင့် ရဲချန် ပြန်လည်ရောင်းချသည့်အခါ မည်သူမျှ သတိမပြုမိစေရန် အာမခံချက်ပေးထားသည်။
တစ်ခုတည်းသော အားနည်းချက်မှာ ငွေလမင်းဈေးသည် သေးငယ်သော နေရာတစ်ခု ဖြစ်နေခြင်းပင်။ ရဲချန် မည်မျှပင် သတိထားပါစေ၊ သူသာ ဆက်တိုက်ရောင်းချနေပါက တစ်စုံတစ်ယောက်က သတိပြုမိသွားပေလိမ့်မည်။ ထို့ပြင် သူသည် ဆိုင်များသို့ ရောင်းချခြင်းဖြစ်သဖြင့် ဈေးနှုန်းမှာ သိပ်မမြင့်လှဘဲ ရောင်းဈေး၏ ၇၀ ရာခိုင်နှုန်းခန့်သာ ရရှိသည်။
သို့သော်လည်း ရဲချန်၏ စုဆောင်းငွေမှာ အဆင့်လယ်ဝိညာဉ်ကျောက်တုံး ၂၀ အထိ လျင်မြန်စွာ တိုးပွားလာပြီး နောက်ထပ်လည်း တဖြည်းဖြည်း တိုးလာနေဆဲပင်။ ခြုံငုံပြောရလျှင် စွန်းရို့ရှင်းနှင့် ပတ်သက်သည့် တိုးတက်မှုမှလွဲ၍ ရဲချန်၏ဘဝမှာ အဆင်ပြေချောမွေ့နေသည်။ သူသည် အင်းစာရွက်ပြုလုပ်ခြင်းကို လက်လျှော့လိုက်ပြီ ဖြစ်သည်။ ၎င်းအတွက် ပေးခဲ့သော ငွေများကိုလည်း သူမနှင့် နီးစပ်ရန်အတွက် သုံးလိုက်သော ငွေအဖြစ်သာ သဘောထားလိုက်သည်။ သို့သော် ပြဿနာမှာ သူ သင်ခန်းစာ လေးကြိမ်တက်ပြီးသည့်တိုင် စွန်းရို့ရှင်းနှင့် တစ်ကြိမ်ပင် မဆုံဖူးသေးခြင်း ဖြစ်သည်။
၎င်းက ရဲချန်ကို အတော်လေး စိတ်ပျက်စေသည်။ သူ လာရခြင်းမှာ အင်းစာရွက်ပြုလုပ်နည်း သင်ရန်သက်သက် မဟုတ်ပေ။ အကယ်၍ စွန်းရို့ရှင်းနှင့် မကြာမီ မတွေ့ဆုံရပါက သင်တန်း ဆက်တက်နေရန် မလိုတော့ချေ။ ငွေကို အလကား ပေးနေရန်မှာ နည်းလမ်းကောင်း မဟုတ်ပေ။ သူသည် နောက်ထပ် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
စိမ်းလန်းသောတိမ်တိုက်ဆိုင်။
တိတ်ဆိတ်သော အခန်းထဲတွင် စွန်းယဲ့သည် အင်းစာရွက်ပြုလုပ်ရာ၌ အကြီးအကျယ် ကျရှုံးနေဆဲဖြစ်သော ရဲချန်ကို စိုက်ကြည့်နေသည်။ သူ မည်မျှပင် ကြိုးစားပမ်းစား သင်ပေးစေကာမူ ရဲချန်ကို ဆူပူကြိမ်းမောင်းချင်သော စိတ်ကို စွန်းယဲ့ မနည်းအောင့်ထားရသည်။ ရဲချန်မှာ တကယ်ကို မျှော်လင့်ချက်မရှိသူပင်။ သူ သေသေချာချာ သင်ပေးခဲ့သော်လည်း သင်ခန်းစာ လေးကြိမ်အပြီးတွင် ရဲချန်၌ မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။
ဤကဲ့သို့သော ပါရမီနှင့်ဆိုလျှင် လက်လျှော့လိုက်သင့်ပြီဟု စွန်းယဲ့ တွေးမိသည်။ သို့သော် သူ စိတ်ပျက်နေသည့်တိုင် ရဲချန်၏ ဝိညာဉ်ကျောက်တုံးများကို မြင်သောအခါ လောဘစိတ်ကို မထိန်းနိုင်ပြန်ပေ။ ဤကောင်လေးမှာ ငွေအတော်ရှိသည်။ အကယ်၍ ရဲချန်ကို သင်တန်း ဆက်တက်အောင် လုပ်နိုင်ပါက နှစ်ကုန်လျှင် ဝိညာဉ်ကျောက်တုံး အတော်အတန် ရရှိပေလိမ့်မည်။
၎င်းကို တွေးတောရင်း စွန်းယဲ့သည် သူ၏အတွေးများကို ဖုံးကွယ်ကာ အတင်းအကျပ် ပြုံးလိုက်သည်။
"မဆိုးဘူး၊ လုံးဝ မဆိုးဘူး။ မင်း တိုးတက်မှု အများကြီးရှိလာပြီ။ ဒီမျဉ်းကြောင်းကို ကြည့်စမ်း၊ အရင်ကထက် အများကြီး ပိုကောင်းလာပြီး ဝိညာဉ်ချီ စီးဆင်းမှုနဲ့လည်း တသားတည်း ဖြစ်နေပြီ.... ဒီအတိုင်းသာ ဆက်ကြိုးစားသွားရင် မင်း မကြာခင်မှာ ထူးချွန်တဲ့ အင်းဆရာတစ်ယောက် ဖြစ်လာမှာပါ"
စွန်းယဲ့၏ ချီးမွမ်းမှုအပေါ် ရဲချန်လည်း သူ၏ လှောင်ပြုံးကို မနည်းဖုံးကွယ်ထားရသည်။
'လူကြီးမင်း... ခင်ဗျား ငွေကို ဒီလောက်တောင် မက်မောနေတာလား?'
သူ့ကို သင်တန်းကြေး ဆက်ပေးစေရန်အတွက် စွန်းယဲ့သည် ဤကဲ့သို့သော အလိမ်အညာများကိုပင် ပြောရန် ဝန်မလေးပေ။ ၎င်းမှာ ကမ္ဘာမြေပေါ်ရှိ ဘောလုံးအားကစား အင်အားကြီးနိုင်ငံတစ်ခုမှ သမ္မတက တရုတ်နိုင်ငံနှင့် စီးပွားရေးစာချုပ်ချုပ်ဆိုနိုင်ရန်အတွက် သူ၏ လက်ရွေးစင်အသင်း ကစားသည်ကို နေ့တိုင်းကြည့်ပါသည်ဟု လိမ်ပြောနေသကဲ့သို့ပင်။
ရဲချန်က စွန်းယဲ့၏စကားကို ဘာမှပြန်မပြောပေ။ သို့သော် ဤလ၏ နောက်ဆုံးသင်ခန်းစာအထိ သူ စွန်းရို့ရှင်းကို မမြင်ရသေးပေ။ ထိုစိတ်ပျက်မှုကပင် ရဲချန်ကို မေးမြန်းရန် တွန်းအားပေးလိုက်သည် - "ဆိုင်က ဝန်ထမ်းတွေ ပြောတာတော့ ခင်ဗျားရဲ့သမီး စီနီယာစွန်းကလည်း အင်းစာရွက်ပြုလုပ်နည်း လေ့လာနေတယ်ဆို။ ခင်ဗျား အလုပ်များနေတာဆိုတော့ ကျွန်တော်တို့ နှစ်ယောက်လုံးကို ဘာလို့ အတူတူ မသင်ပေးတာလဲ? အချိန်ကုန် သက်သာတာပေါ့"
စွန်းယဲ့သည် ရဲချန်က သူ၏သမီးနှင့် နီးစပ်ရန် ကြိုးစားနေသည်ဟု မသင်္ကာမဖြစ်ပေ။ ထိုအစား သူက ညည်းညူရင်း ပြန်ဖြေလိုက်သည် - "ငါ့သမီးက ပထမအဆင့် အလယ်အလတ်တန်းစား အင်းစာရွက်တွေကိုတောင် ဖော်စပ်နိုင်တဲ့ အင်းဆရာအစစ် ဖြစ်နေပြီ။ မင်းကတော့ အခြေခံကိုတောင် မမိသေးဘူး။ ငါလည်း အတူတူ သင်ပေးချင်တာပေါ့၊ ဒါပေမဲ့ မင်းရဲ့ အရည်အချင်းနဲ့ကတော့.... မဟုတ်ဘူး၊ မင်းက အဆင်သင့် မဖြစ်သေးဘူး"
ရဲချန်သည် "အသုံးမကျသူ" ဟု အပြောခံရသည်ကို ဂရုမစိုက်ဘဲ စွန်းယဲ့ ပြောသည်ကိုသာ ပြန်လည် စဉ်းစားနေမိသည်။ မှန်ပါသည်။ သူနှင့် စွန်းရို့ရှင်းကြားတွင် ကြီးမားသော ကွာဟချက် ရှိနေသည်။ သူတို့၏ အရည်အချင်း ကွာခြားမှုမှာ မူကြိုကျောင်းသားနှင့် အလယ်တန်းကျောင်းသား ကွာခြားသကဲ့သို့ပင်။ အကယ်၍ သူသာ အင်းစာရွက်ပြုလုပ်ခြင်း၌ တိုးတက်လာပါက စွန်းရို့ရှင်းနှင့်အတူ အတန်းတက်ခွင့် ရနိုင်ပေလိမ့်မည်။
သို့သော် ရဲချန်အနေဖြင့် သူ အမှန်တကယ် ရုန်းကန်နေရကြောင်း ဝန်ခံရမည်ဖြစ်သည်။ သူ မည်မျှပင် ကြိုးစားပါစေ၊ အခြေခံကို ရရှိရန်အတွက်ပင် တစ်နှစ် သို့မဟုတ် ထို့ထက်မက အချိန်ယူရပေလိမ့်မည်။
"စီနီယာစွန်း... အင်းစာရွက်ပြုလုပ်ခြင်း အရည်အချင်းကို အမြန်တိုးတက်စေမယ့် နည်းလမ်းမျိုး ရှိလား? ကျွန်တော့်ရဲ့ တိုးတက်မှုက အရမ်း နှေးလွန်းနေတယ်။ တစ်လရှိပြီ၊ အခုထိ ဘာမှ မသိသေးဘူး။ အကယ်၍ အရှိန်မြှင့်နိုင်မယ့် နည်းလမ်းမရှိဘူးဆိုရင် သင်တန်းနားလိုက်တာက ပိုကောင်းမယ် ထင်တယ်"
စွန်းယဲ့၏ နှုတ်ခမ်းမှာ စိတ်ပျက်မှုကြောင့် တွန့်သွားသည်။ အသုံးမကျသူ ဖြစ်လေလေ လမ်းဖြတ်ကို ပိုမျှော်လင့်လေလေပင်။ သို့သော် သူက ထိုဝိညာဉ်ကျောက်တုံးကိုတော့ လိုချင်နေဆဲဖြစ်သည်။
ခဏမျှ တုံ့ဆိုင်းပြီးနောက် စွန်းယဲ့က ပြောလိုက်သည် - "ငါ့ဆီမှာ ငါ့ဆရာဆီကရတဲ့ အင်းစာရွက်ပြုလုပ်နည်း မှတ်တမ်း (Manuscript) တစ်ခု ရှိတယ်။ အဲဒီထဲမှာ သူ ပထမအဆင့် အင်းဆရာဖြစ်စက တွေ့ကြုံခဲ့ရတဲ့ အမြင်တွေနဲ့ အတွေ့အကြုံတွေ ပါဝင်တယ်။ အင်းစာရွက်ပညာရပ်ကို လေ့လာရင်း သူ နားလည်လာခဲ့တဲ့ ခရီးစဉ်ကို အသေးစိတ် ဖော်ပြထားတာ။ အကယ်၍ မင်းသာ ဒီမှတ်တမ်းကို လေ့လာမယ်ဆိုရင် အင်းစာရွက်ပြုလုပ်ခြင်းအပေါ် မင်းရဲ့ နားလည်မှုက သိသိသာသာ မြင့်တက်လာမှာဖြစ်ပြီး မင်းရဲ့ အရည်အချင်းကလည်း အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်တယ်"
ထိုစကားကို ကြားသောအခါ ရဲချန်၏ မျက်လုံးများ ချက်ချင်း ဝင်းပသွားသည်။ ၎င်းမှာ သူ လိုအပ်နေသည့်အရာပင်။ လူကျင့်သည်လည်း အင်းစာရွက်ပြုလုပ်နည်းကို လေ့လာနေသည်ဖြစ်ရာ ၎င်းမှာ သူမအတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ အကယ်၍ သူက ၎င်းကို လူကျင့်အား လက်ဆောင်ပေးလိုက်ပါက ဆယ်ဆပြန်လည်အကျိုးပြုမှုစနစ်အရ သူ ဘာများ ရရှိနိုင်မလဲ? ၎င်းက သူ၏ ကိုယ်ပိုင်အင်းစာရွက်ပညာရပ်ကို အဆင့်အသစ်တစ်ခုသို့ တွန်းပို့ပေးနိုင်ပြီး စွန်းရို့ရှင်းနှင့်အတူ အတန်းတက်ခွင့် ရနိုင်ပေလိမ့်မည်။
သို့သော် ရဲချန် ချက်ချင်း စကားမပြောသေးပေ။ စွန်းယဲ့သည် ဤကဲ့သို့သော အရာကို အလကား ပေးမည့်သူမဟုတ်ဘဲ အလွန်လောဘကြီးကြောင်း သူ သိနေသောကြောင့် ဖြစ်သည်။