အခန်း(၁) - ပြန်လည်မွေးဖွားခြင်း
ကျွန်တော့်ရဲ့ ကံကြမ္မာပြိုင်ဘက်ဟာ အနှိုင်းမဲ့ဇာတ်လိုက်တစ်ယောက် ဖြစ်တယ်။ တစ်နေ့မှာ သူဟာ ရွှေရောင်ချပ်ဝတ်တန်ဆာကို ဆင်မြန်း၊ ခုနစ်ရောင်ခြယ်တိမ်တိုက်ကို စီးနင်းပြီး လူအများရှေ့မှာ ဆင်းသက်လာလိမ့်မယ်... ပြီးတော့ ကျွန်တော့်ကို လာသတ်လိမ့်မယ်!
...
ရှေးဦးနှလုံးသားကုန်းမြေ (Primordial Heartlands) ဆိုတာ သိုင်းပညာကျင့်ကြံခြင်းက စိုးမိုးထားတဲ့ ကမ္ဘာတစ်ခုဖြစ်တယ်။ ဒဏ္ဍာရီတွေအရ ရှေးဟောင်းခေတ်မှာ လျှို့ဝှက်ဆန်းပြားတဲ့ အင်အားစုတစ်ခုက ဒီနယ်ပယ်ကို တိုက်ကြီးငါးခုအဖြစ် ခွဲထုတ်ခဲ့တယ်လို့ ဆိုကြတယ်။
အရှေ့ဘက်တိုက်ကြီးရဲ့ အနောက်ဘက်ဒေသမှာ "စစ်မှန်သော သိုင်းမြင့်မြတ်နယ်မြေ" (True Martial Sacred Ground) လို့ လူသိများတဲ့ ရှေးဟောင်းအင်အားကြီးအဖွဲ့အစည်းဟာ မိုင်ပေါင်းထောင်ချီတဲ့ နယ်မြေကို လွှမ်းမိုးထားပါတယ်။
အဲဒီနယ်မြေအတွင်းမှာ ဖြူဖွေးတဲ့ ကြိုးကြာငှက်တွေက တညီတညွတ်တည်း အော်မြည်နေကြပြီး၊ မင်္ဂလာရှိတဲ့ တိမ်တိုက်တွေ ဆင်းသက်လာကာ ဝိညာဉ်စမ်းရေတွေဟာ သမုဒ္ဒရာကြီးတွေလို ကောင်းကင်ယံအထိ ပန်းထွက်နေကြတယ်။
ကျင့်ကြံသူတွေဟာ ဓားတွေကို စီးနင်းပျံသန်းကြပြီး တစ်ခဏအတွင်းမှာ မိုင်ပေါင်းသောင်းချီ ခရီးနှင်နိုင်ကြတယ်။
သန်မာတဲ့ စစ်သည်တော်တွေကတော့ လက်သီးတစ်ချက်တည်းနဲ့ "နက်မှောင်သံမဏိသိုင်းကျောက်တုံး" တွေကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ရိုက်ခွဲနိုင်ကြတယ်။
...
တောင်ငန်းတောင်ထိပ် (South Goose Peak) ဟာ စစ်မှန်သော သိုင်းထူးကဲနယ်မြေရဲ့ ဗဟိုတည့်တည့်မှာ တည်ရှိတယ်။ တောင်ကုန်းဟာ တိမ်တိုက်တွေကို ထိုးဖောက်ပြီး မီတာထောင်ပေါင်းများစွာ မြင့်မားပြီး ကောင်းကင်နဲ့ထိစပ် နေတဲ့လို့
တောင်ထင်ရပါတယ်။
တောင်ထိပ်မှာတော့ ဖြူလွှလွှတိမ်တိုက်တွေ လွင့်မျောနေပြီး မြူခိုးမြူငွေ့တွေက ရစ်ပတ်နွှေနေကြတယ်။
ရူစီမို (Xu Zimo) ဟာ ချောက်ကမ်းပါး အစွန်းမှာ ရပ်နေတယ်။ သူဟာ နှင်းထက်ဖြူစင်တဲ့ ဝတ်ရုံဖြူကို ဆင်မြန်းထားပြီး လျော့ရဲရဲ ချည်ထားတဲ့ ဆံပင်တွေက လေထဲမှာ တဖျတ်ဖျတ် လွင့်နေတယ်။ သူရဲ့ နက်ရှိုင်းတဲ့ မျက်ဝန်းတွေက အဆုံးမရှိတဲ့ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးတစ်ခုလိုပါပဲ။
သူဟာ တစ်ယောက်တည်း ရပ်နေပြီး လေပြင်းတွေကြောင့် ဝတ်ရုံတွေ တဖျတ်ဖျတ်မြည်နေပေမဲ့ သူ့ရဲ့ ပိန်ပါးတဲ့ ခန္ဓာကိုယ်ကတော့ မလှုပ်မယှက် တည်ငြိမ်နေတယ်။
"ဒါဆို... ဒါက ပြန်လည်မွေးဖွားလာတာပေါ့လေ?" ရူစီမိုက အံ့အားသင့်စွာနဲ့ တိုးတိုးလေး ရေရွတ်လိုက်တယ်။ သူဟာ သုံးမိနစ်လောက် တိတ်ဆိတ်သွားပြီး၊ နောက်ထပ် သုံးမိနစ်လောက် ထပ်ပြီး ငြိမ်သက်နေပြန်တယ်။
"ပြန်လည်မွေးဖွားလာတယ်ဆိုတာ ဇာတ်လိုက်တွေပဲ ဖြစ်ရမှာ မဟုတ်ဘူးလား? ဒါပေမဲ့ သေစမ်းပါကွာ၊၊ ငါက ဒီဇာတ်လမ်းထဲမှာ ဗီလိန်ဖြစ်နေတာလေ!"
ရူစီမို သူ့ခန္ဓာကိုယ်ကို ပြန်စစ်ဆေးကြည့်လိုက်တယ်။ ဒါက အသစ်တစ်ဖန်ဝင်စားတာမျိုး မဟုတ်ဘဲ ဝိညာဉ်ကူးပြောင်းလာတာမျိုး ဖြစ်တယ်။
ဒီခန္ဓာကိုယ်က သနားစရာကောင်းလောက်အောင် အားနည်းလွန်းနေတယ်။ သူဟာ သိုင်းမကျင့်ကြံခင် အသက် ၁၅ နှစ်အရွယ်ကို ပြန်ရောက်သွားတာဖြစ်ကြောင်း သေချာသွားပြီ။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူဟာ မှတ်ဉာဏ်တွေချည်းပဲ ပါလာခဲ့တာ မဟုတ်ဘူး။
သူ့ရဲ့ ဝမ်းဗိုက်အတွင်းမှာ စကြာဝဠာနိယာမတွေနဲ့ ပေါင်းစပ်ထားတဲ့ "ရှေးဦးစက်လုံး" (Primordial Sphere) တစ်ခုက ငြိမ်သက်စွာ လွင့်မျောနေတယ်။ ၎င်းက ဘာအလင်းရောင်မှ ထွက်မနေဘဲ အပေါ်ယံကြည့်ရင် ရိုးရိုးရှင်းရှင်းနဲ့ သတိမထားမိနိုင်စရာပါ။
ဒါပေမဲ့ အနီးကပ်ကြည့်မယ်ဆိုရင်တော့ အဲဒီစက်လုံးထဲမှာ ကမ္ဘာသစ်တစ်ခုလုံး ရှိနေတာကို တွေ့ရလိမ့်မယ်။ တောက်ပတဲ့ အလင်းတန်းတွေ၊ မြက်ခင်းပြင်တွေ၊ နံနက်ခင်းနှင်းစက်တွေနဲ့ ထွက်ပြူလာတဲ့ နေမင်းကြီးအထိပေါ့။
အဲဒီစက်လုံးဟာ အမြဲတမ်း ပြောင်းလဲနေတယ်။ ၎င်းရဲ့ အစွမ်းအစ အနည်းငယ်ကတောင် သူ့အောက်က တောင်ကြီးကို ပြားပြားဝပ်သွားစေနိုင်တဲ့ အင်အားမျိုး ရှိနေတယ်။
ရူစီမို အဲဒီစက်လုံးဆီက ရင်းနှီးတဲ့ ခံစားချက်တစ်ခုကို ရလိုက်တယ်။ ရုတ်တရက် သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး သဘောပေါက်သွားခဲ့တယ်။
ဒီစက်လုံးကို သူ အရင်ဘဝက မတော်တဆ တွေ့ရှိခဲ့တာပါ။ သူဟာ ၎င်းရဲ့ စွမ်းအားအစ်အမှန်ကို ဘယ်တုန်းကမှ နားမလည်ခဲ့ဖူးဘဲ ဟင်းလင်းပြင်ကို ဖောက်ထွက်နိုင်တဲ့ အစွမ်းရှိတယ်ဆိုတာလောက်ပဲ သိခဲ့တာ။
သူ ရှုံးနိမ့်ခဲ့တဲ့နေ့ကို သူမှတ်မိနေသေးတယ်။ သူဟာ ထွက်ပြေးဖို့ ကြိုးစားရင်း သူ့ရဲ့ "နတ်ဘုရား မရီဒန်နယ်ပယ်" (God Meridian Realm) ရဲ့ စွမ်းအင်အားလုံးကို ဒီစက်လုံးထဲ ထည့်သွင်းခဲ့တယ်။ အဲဒီအစား စက်လုံးက သူ့ကို ဒီအချိန်အခါဆီ ပြန်ခေါ်လာပေးခဲ့တာပဲ။
ဒါကြောင့်လည်း ဒါက ရင်းနှီးနေတာပေါ့။ စက်လုံးထဲမှာရှိတဲ့ စွမ်းအင်တွေက သူ့ရဲ့ အရင်ဘဝက ကျင့်ကြံမှုတွေပဲလေ။
သူ စိတ်လှုပ်ရှားလွန်းလို့ တုန်ရင်နေမိတယ်။ သူ့ကို အချိန်တစ်နှစ်လောက်သာ ပေးလိုက်မယ်ဆိုရင် ဒီစွမ်းအင်တွေကို စုပ်ယူပြီး နတ်ဘုရားမရီဒန်နယ်ပယ်ကို ပြန်ရောက်သွားနိုင်မှာပါ။
သိုင်းလမ်းစဉ်ဆိုတာ ခက်ခဲလွန်းတယ်။
ကောင်းကင်ဘုံကို တက်လှမ်းရတာထက်တောင် ပိုခက်ပါသေးတယ်။
လူသားတွေဟာ "သေမျိုးနယ်ပယ်" (Mortal Realm) ကနေ စတင်ကြပြီး ကြွက်သား၊ အရိုးနဲ့ အရေပြားတွေကို လေ့ကျင့်ကြရတယ်။
သူတို့ဟာ အတွင်းအင်္ဂါတွေနဲ့ အပြင်ဘက်ခန္ဓာကိုယ်ကို တပြိုင်နက်တည်း ပေါင်းစည်းထိန်းညှိပြီးေလ့ကျင့်ရပါတယ်။
ခန္ဓာကိုယ်က အပြည့်အဝ အားကောင်းလာပြီဆိုရင်တော့ မရီဒန်ေတွဖွင့်ပြီးတာနဲ့ဝိညာဥ်စွမ်းအင်ေတွကိုစုပ်ယူပြီး ဝိညာဥ်မရီဒန်နယ်ပယ်ကိုအဆင့်တက်ဝင်ေရာက်ရပါတယ်။
ကျင့်ကြံခြင်းရဲ့ အဆင့် ၉ ဆင့်ကတော့ -
သေမျိုးနယ်ပယ် (Mortal Realm)၊
ဝိညာဉ်မရီဒန်နယ်ပယ် (Spirit Meridian Realm)၊
မရီဒန်သွန်းလောင်းခြင်းနယ်ပယ် (Meridian Forging Realm)၊
စစ်မှန်သောမရီဒန်နယ်ပယ် (True Meridian Realm)၊
ဖျက်ဆီးခြင်းမရီဒန်နယ်ပယ် (Desolate Meridian Realm)၊
အထွတ်အထိပ်မရီဒန်နယ်ပယ် (Paragon Meridian Realm)၊
ဧကရာဇ်မရီဒန်နယ်ပယ် (Imperial Meridian Realm)၊
ကောင်းကင်ဘုံမရီဒန်နယ်ပယ် (Empyrean Meridian Realm)၊
နှင့် နတ်ဘုရားမရီဒန်နယ်ပယ် (God Meridian Realm) တို့ဖြစ်ကြတယ်။
ဒါတွေကို "မသေမျိုးအဆင့်တက်လှမ်းခြင်းဆိုင်ရာ မရီဒန်ကိုးသွယ်" လို့ လူသိများကြတယ်။
ရူစီမို မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်တယ်။ သူဟာ စက်လုံးရဲ့ စွမ်းအင်ကို သုံးပြီး သေမျိုးနယ်ပယ် လေ့ကျင့်မှုနယ်ပယ်ကနေ ဝိညာဏ်မရီဒန်နယ်ပယ်အဆင့်ကိုချက်ချင်းတက်လှမ်းနိုင်ပါတယ်။
တစ်နှစ်အတွင်းမှာ စွမ်းအင်အားလုံးကို စုပ်ယူပြီး နတ်ဘုရားမရီဒန်နယ်ပယ်ကို ပြန်သွားဖို့ဆိုတာ ဖြစ်နိုင်ခြေ အပြည့်ရှိတယ်။
ဒါပေမဲ့ သူ မလောပါဘူး။ ပထမအချက်က သူဟာ စစ်မှန်သော သိုင်းမြင့်မြတ်နယ်မြေအတွင်းမှာ ရှိနေဆဲဖြစ်ပြီး သူ့ဖခင်က သူ့ရဲ့ တိုးတက်မှုကို အနီးကပ် စောင့်ကြည့်နေလို့ပါ။ သူ အဖေကိုသံသယမဖြစ်စေချင်ဘူး။
ဒုတိယအချက်ကတော့ ရူစီမိုအနေနဲ့ ဒီသာယာတဲ့အခိုက်အတန့်ကိုခံစားစာချင်ပါသေးတယ်။
အရာအားလုံးက ရှိနေစဲဖစ်သလို အရာအားလုံးကို ကယ်တင်လို့ ရသေးတယ်။
သူ့ဖခင်၊ ရူဟူ (Ru Hu)၊ ရှောင်တင်ရှန်း (Xiao Dingtian)။ ပြီးတော့ မိုးကုတ်စက်ဝိုင်းက မိုးမခမြစ်ကမ်းနားမှာ ငိုကြွေးရင်း သူနဲ့အတူ သာမန်ဘဝလေးပဲ ပိုင်ဆိုင်ချင်တယ်လို့ ပြောခဲ့တဲ့ အဲဒီမိန်းကေလး။
နောက်ဆုံးမှာတော့ သူ အားလုံးကို ဆုံးရှုံသွားခဲ့တယ်။ သေလုမျောပါး အကြိမ်ကြိမ် ကြုံခဲ့ရပြီးနောက် ဇာတ်လိုက် ချူယန် (Chu Yang) ရဲ့ ဓားချက်အောက်မှာ သူ သေဆုံးခဲ့ရတယ်။
ရူစီမို အဝေးကို ကြည့်လိုက်ပြီး သူ့ရဲ့ ဝတ်ရုံဖြူဟာ မြူနှင်းတွေနဲ့ ရောယှက်နေတယ်။ လေက ပိုပြီး ပြင်းထန်လာသလို သူ့ရဲ့ မျက်နှာအေပါ်မှာရက်စက်တဲ့အပြုံးတစ်ခုဖြစ်လာပြီး
"ချူယန်... အရင်ဘဝတုန်းကတော့ ငါက မင်းရဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်က ကျောက်တုံးလေး တစ်တုံးထက် မပိုခဲ့ဘူး။ မင်းရဲ့ ဆရာကြီး 'သံသရာအဘိုးအို' ရဲ့ အကူအညီနဲ့ ငါဟာ မင်းရဲ့ နယ်ရုပ်လေး တစ်ရုပ်ပဲ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီဘဝမှာတော့ ငါဟာ ကစားသူ ဖြစ်လာပြီး ငါကပဲ နယ်ရုပ်တွေကို ထိန်းချုပ်မယ်။ ကမ္ဘာကြီးက ငါ့ရဲ့ ကစားကွက်ဖြစ်ပြီး သက်ရှိအားလုံးက ငါ့ရဲ့ နယ်ရုပ်တွေ ဖြစ်လာစေရမယ်။ ငါ့ရဲ့ ကံကြမ္မာကို ငါကိုယ်တိုင် ပြောင်းပြန်လှန်ပစ်မယ်။"
...
ရူစီမိုရဲ့ ခြံဝင်းဟာ တောင်ငန်းတောင်ရဲ့ တစ်ဝက်လောက်မှာ တည်ရှိတယ်။ လမ်းတစ်လျှောက်မှာ ဝိညာဉ်ဆေးပင်တွေ ပွင့်လန်းနေကြတယ်။ အပြာရောင်နဲ့ ခရမ်းရောင် သန်းနေတဲ့ သက်တံတွေက လေထဲမှာ ဝိုင်းနေကြတယ်။ အဝေးမှာတော့ နတ်ဘုရားဆန်တဲ့ အလင်းတွေ တောက်ပနေတဲ့ ထူးကဲသားရဲတွေ ပြေးလွှားနေကြတယ်။
ဝိညာဉ်သစ်ပင်တွေမှာ တောက်ပတဲ့ အသီးတွေ သီးနေပြီး အဲဒီအသီး တစ်လုံးချင်းစီဟာ အပြင်လောကမှာ လူတွေ အသေသတ်ပြီး လုယူရမယ့် ရတနာတွေဖြစ်ပေမဲ့ ဒီနေရာမှာတော့ အလှဆင်ဖို့ သက်သက်ပါပဲ။
ရူစီမို တံခါးဝကို ရောက်တဲ့အခါ သူ့ရဲ့ ကိုယ်ရံတော် ကျန်းကျုံးထျန်း (Zhang Zhongtian) က ရိုရိုသေသေ စောင့်နေနှင့်ပြီ။
"သခင်လေး" ကိုယ်ရံတော်ကျန်းက ပြောတယ် "နယ်မြေရဲ့ ဒုတိယဂိုဏ်းချုပ်က စကားပါးလိုက်ပါတယ်။ သခင်လေး အားရင် သူ့ဆီကို လာခဲ့ပါဦးတဲ့၊ ဆွေးနွေးစရာ ရှိလို့ပါ"
"သိပြီ" ရူစီမို ခေါင်းညိတ်ပြလိုက်ပြီး ကိုယ်ရံတော်ကျန်းနဲ့အတူ စိမ်းလန်းသောတောင် (Green Mountain) ဆီကို လျှောက်သွားလိုက်တယ်။
...
လွန်ခဲ့တဲ့ သုံးနှစ်က စစ်မှန်သော သိုင်းမြင့်မြတ်နယ်မြေရဲ့ လက်ရှိ ဂိုဏ်းချုပ်ဟာ ကောင်းကင်ဘုံမရီဒန်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိခဲ့တယ်။ နတ်ဘုရားမရီဒန်နယ်ပယ်ကိုေရာက်ရှိဖို့ အတွက် သူဟာ ဂိုဏ်းကိုကြည့်ရူထိန်းသိမ်းဖို့ အာဏကိုလွှဲပေးခဲ့ပါတယ်။
သူဟာ အာဏာကို ဒုဂိုဏ်းချုပ် ရူချင်းရှန်း (Xu Qingshan) ဆီ လွှဲပြောင်းပေးခဲ့ပြီး သာမန်လူသားလောကထဲမှာ တရားရှာဖို့ ထွက်ခွာသွားခဲ့တယ်။
အဲဒီအချိန်ကစပြီး ရူချင်းရှန်းဟာ ဂိုဏ်းအတွင်းမှာ သြဇာအရှိဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့တယ်။
ပြီးတော့ ရူစီမိုကတော့ သူ့ရဲ့ တစ်ဦးတည်းသော သားပေါ့။
သူ့ကို ဂိုဏ်းတစ်ခုလုံးရဲ့ အိမ်ရှေ့စံမင်းသားလို့ ခေါ်မယ်ဆိုရင်လည်း လွန်မယ်မထင်ပါဘူး။
...
ရူစီမို သူ့ဖခင်အနေနဲ့ ကျင့်ကြံခြင်းအကြောင်း ပြောချင်နေတာဖြစ်မယ်လို့ တွေးလိုက်တယ်။
သူ အခု အသက် ၁၅ နှစ်ရှိပြီဖြစ်လို့ အစပျိုးရမယ့် အချိန်ကို ရောက်နေပြီလေ။
အသက် ၁၅ နှစ်မတိုင်ခင်မှာ လူတစ်ယောက်ရဲ့ မရီဒန်တွေနဲ့ အင်္ဂါတွေဟာ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့အတွက် လေ့ကျင့်ဖို့ အားနည်းလွန်းနေသေးတာပါ။
ရှေးဦးနှလုံးသားကုန်းမြေမှာ လူတိုင်းနီးပါးဟာ အသက် ၁၅ နှစ်မှာပဲ သူတို့ရဲ့ ကျင့်ကြံခြင်းခရီးစဉ်ကို စတင်ကြပါတယ်။
...
ရူစီမို စိမ်းလန်းသောတောင်ကို ရောက်တဲ့အခါ ခမ်းနားတဲ့ အဆောက်အအုံတွေ ဒါမှမဟုတ် ဇိမ်ခံရဲတိုက်တွေကို မတွေ့ရပါဘူး။
သစ်သားအိမ်လေးတစ်လုံး၊ ကြည်လင်ပြီး အေးအေးဆေးဆေး စီးဆင်းနေတဲ့ မြစ်လေးတစ်စင်းနဲ့ မြစ်ကမ်းနားမှာ အေးအေးချမ်းချမ်း ထိုင်နေတဲ့ အပြာရောင်ဝတ်ရုံဝတ် အလတ်တန်းစား အမျိုးသားတစ်ယောက်ကိုပဲ တွေ့ရတယ်။
...
ရူစီမို မြစ်ကမ်းနားမှာ တိတ်တဆိတ်ရပ်ပြီး သူ့ဖခင်ကို ကြည့်နေမိတယ်။
သူ ဘာမှမပြောသလို ရူချင်းရှန်းကလည်း ဘာမှမပြောပါဘူး။
သားအဖ နှစ်ယောက်လုံး တိတ်ဆိတ်နေကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝ နားလည်နေကြသလိုပါပဲ။
ခဏအကြာမှာတော့ လေပြေလေးတစ်ခု တိုက်ခတ်လာတယ်။ ရူချင်းရှန်းက ဖြည်းဖြည်းချင်း မော့ကြည့်လာတယ်။